ဒေးဒရဲမြို့ Community Centre ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲခင်းကျင်းပြသ

ဒေးဒရဲ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရာများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများနှင့် ဆက်သွယ်ဆောင်ရွက်၍ ရနိုင်မည့် နည်းလမ်းများ၊  မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများကို နံရံကပ်ဘုတ်များတွင် အသိပညာပေးပြသခြင်းနှင့် ဂန္တဝင် သုတ၊ ရသ စာပေများ၊ အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ဝါသနာတူ ကလပ်အသင်းများ၊ စာဖတ်ပရိတ်သတ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း