တာလေမြို့အဝင် နတ်စင်အနီးရှိ(နမ့်လင်းချောင်း)အား မူလချောင်းရေစီးလမ်းကြောင်းမှ ရေပြန်လည်စီးဆင်းနိုင်ရန် သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

တာလေ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အဝင် နတ်စင်အနီးစီးဆင်းနေသော(နမ့်လင်းချောင်း)အား မူလချောင်းရေစီးလမ်းကြောင်းမှ ရေပြန်လည်စီးဆင်းနိုင်ရေးအတွက် ချောင်းအတွင်း သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဆည်​မြောင်းနှင့် ရေအသုံးချ​မှုစီမံခန့်ခွဲရေးဦးစီးဌာန (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေကျပ် ၆၇.၇၇ သန်းဖြင့် ချောင်းအရှည် ၂၁၀၀ ပေ၊ အကျယ် ၁၂၀ ပေ ၊ အနက် ၁ ပေ ၆ လက်မရှိ နမ့်လင်းချောင်း မူလချောင်းရေစီးလမ်းကြောင်းအား သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းကို ရွှေပြည့်လျှံကုမ္ပဏီက တာဝန်ယူ၍ လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

တာလေမြို့တွင် စီးဆင်းနေ​သော နမ့်လင်းချောင်းသည် မိုးရာသီကာလ၌ ရေစီးကြောင်းများသည် အင်အားပြင်းစွာ ရေစီးလမ်းကြောင်းများပြောင်း၍ စီးဆင်းခြင်းများကြောင့် ချောင်းကမ်းပါးများ ပြိုကျလာပြီး  ချောင်းဘေးတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးခြင်းများမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ချောင်းအား မူလချောင်းရေစီးလမ်းကြောင်း အတိုင်း ရေပြန်လည်စီးဆင်းနိုင်စေရန် သဲနှုန်းများတူးဖော်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုထံမှ သိရသည်။

အောင်ကျော်မိုး (ပြန် /ဆက်)