ဂွမြို့တွင် ငါးသယံဇယတ ထိန်းသိမ်းရေး ပညာပေးဆွေးနွေး

 

ဂွ  ဇန်နဝါရီ  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇယတ ထိန်းသိမ်းရေး ပညာပေးဆွေးနွေးဟောပြောပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်က မကျေးငူကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်  ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် မကျေးငူကျေးရွာရှိ ရေလုပ်သားများနှင့် တွေ့ဆုံပြီး ရေသယံဇာတနှင့် ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဆွေးနွေးခြင်း၊ ငါးလုပ်ငန်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်များအား သိရှိလိုက်နာရေး၊ ကမ်းနီးငါးဖမ်းလုပ်ငန်း အခြေအနေ တို့အား ရှင်းလင်းဆွေးနွေးပြီး ရေလုပ်သားများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ရေလုပ်သား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်