တောင်ကုတ် ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်တက္ကသိုလ် ၂၀၂၁-၂၀၂၂ (ပထမနှစ်ဝက်) နေ့သင်တန်း ဂုဏ်ထူးတန်း တတိယနှစ်သင်တန်း၊ မဟာအရည်အချင်းစစ် သင်တန်းနှင့် ပထမနှစ် မဟာဘွဲ့ သင်တန်းများကို ဇန်နဝါရီ(၆)ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် တက်ရောက် လျက်ရှိကြောင်း သိရသည်။
တောင်ကုတ်တက္ကသိုလ်၌ ကျောင်းစတင် ဖွင့်လှစ်သည့် နေ့၌ ဂုဏ်ထူးတန်း တတိယနှစ် သင်တန်းစာရင်းရှိ (၈၆)ဦးအနက်(၁၈)ဦး၊ မဟာအရည်အချင်းစစ် သင်တန်းစာရင်းရှိ(၇၇) ဦးအနက် (၁၈) ဦးနှင့် ပထမနှစ်မဟာဝိဇ္ဇာဘွဲ့ သင်တန်းစာရင်းရှိ(၈၆)ဦးအနက် (၃၃)ဦးရှိရာ စုစုပေါင်းပထမနေ့ (၅၅)ဦးမှ ယနေ့ ဒုတိယနေ့တွင် (၈၈)ဦးထိ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သင်တန်းရေးရာ ဌာနမှ သိရသည်။
စန်းဝင်း (မြို့နယ်ပြန်/ဆက် )