ခန္တီး ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ယူရီးယားဓါတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူ အသုံးပြု နိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ခွဲဝေပေးသည့် ယူရီးယားဓါတ်မြေဩဇာအိတ်(၂၀၀)အား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ သယ်ယူ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဓါတ်မြေဩဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီများမှ သွားရောက် စစ်ဆေး လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါဓါတ်မြေဩဇာများကို ဟင်းသီးဟင်းရွက်အပါအဝင် ဆောင်းသီးနှံများနှင့် နွေစပါး စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး (50) kg (၁)အိတ်လျှင် ကျပ်(၄၆၀၀၀၀/-)နှုန်းဖြင့် မှာယူထားသော တောင်သူများ ထံသို့ ချက်ချင်းရောက် ချက်ချင်းဖြန့်စနစ်ဖြင့် ဈေးနှုန်း ချိုသာစွာ ငွေလက်ငင်းပေး ရောင်းချဖြန့် ဖြူးပေးသွားမည် ဖြစ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)