သံဖြူဇရပ် ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တပ်တွင်း မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြား နေပြီဖြစ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်း၊ တပ်တွင်း မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင် Corner ပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပ ပြင်ဆင်ထားရှိမှု သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများ ထားရှိမှု ရှိ/မရှိ၊ အဆောက်အဦ အခြေအနေ၊ ဆရာမများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။
အဆိုပါ မူကြိုကျောင်းကို ဒီဇင်ဘာ(၁)ရက်နေ့မှစတင် ဖွင့်လှစ်သင်ကြားရာတွင်၊ သင်ကြားချိန်အား တစ်ပတ်(၅) ရက်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီ မှ ညနေ ၃နာရီထိ သင်ကြားပေးပြီး ကျောင်းသား၊ ကျောင်းသူ(၂၈)ဦး တက်ရောက် သင်ကြားကြကြောင်း သိရသည်။
အေးအေးမွန် (ပြန်/ဆက်)