Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘိုလိမ်းဂိမ်းနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကျင်းပ
Jan 17,2022
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဘိုလိမ်းဂိမ်းနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ
Jan 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြု ဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေဆွေးနွေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူ များ သွားလာမှု အဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၄.၃၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jan 17,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တရုပ်ကော အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့် တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရေဟော်ကျောင်းတိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာလှေလှော် မြန်မာ့လက်ရွေးစင် နီလာဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jan 17,2022
မေး။ အရင်ဦးဆုံး ညီမလေးရဲ့အမည်၊ မိသားစုဝင်ဦးရေ၊ နေရပ်၊ ပညာအရည်အချင်းနဲ့ အသက်ကို မိတ်ဆက်ပေးပါအုံး ဖြေ။ ကျွန်မနာမည်ကတော့ နီလာဝင်းဖြစ်ပါတယ်ရှင်၊ မိသားစု ၆ ယောက်ရှိပြီး အဖေရယ် အမေရယ်၊ အစ်ကိုနှစ်ယောက်ရယ်၊ ကျွန်မရယ်၊ ကျွန်မအောက်မှာ မောင်လေးတစ်ယောက်ရယ် ရှိပါတယ်ရှင်၊ နေရပ်ကတော့ အထက်တံခွန်တိုင်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ် ဖြစ်ပါတယ်ရှင်၊ ပညာအရည်အချင်းကတော့ B.A(Geography) အပြင်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့လွန် ၂ ခု ရရှိထားပါတယ်၊ အဲ့ဒါတွေကတော့ Diploma In Management နဲ့ Development Studies တို့ဖြစ်ပါတယ်ရှင်၊ ကျွန်မအသက်ကတော့ ၃၃ နှစ် ဖြစ်ပါတယ်ရှင်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေး နှိုးဆော်လျက်ရှိ
Jan 17,2022
ပျော်ဘွယ်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲက ညောင်နွယ်(တ)ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23095
Page
23096
Page
23097
Page
23098
Current page
23099
Page
23100
Page
23101
Page
23102
Page
23103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department