ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ စတင် အကောင်အထည်ဖော် ဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၄.၃၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြေ့သာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၅ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၄၇၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေး လာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)