တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

တောင်တွင်းကြီး  ဇန်နဝါရီ  ၁၇   

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တရုပ်ကောအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား  တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ငွေများ ပေးအပ်လျှက်ရှိရာ  သဖန်းကုန်း ကျေးရွာမှ အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၅) ဦး တို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်း ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၅၀၀၀၀) တိတိကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်