ပျော်ဘွယ် ဇန်နဝါရီ ၁၇
ပျော်ဘွယ်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲက ညောင်နွယ်(တ)ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ခင်လက်ကို စနစ်တကျ သန့်ရှင်းရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှု ကောင်းမွန်ရေး ဖွင့်ထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ဗီဇပြောင်းအိုမီခရွန် ရောဂါ လက္ခဏာများကို ကြိုတင်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)