အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက်က ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုဒေသသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး နနွင်းစိုက်ပျိုးခြင်းသည်လည်း ဥယျာဉ်ခြံ လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ 
Jan 11,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အပတ်စဉ် အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏  ကံဆိုသည်မှာ စေတနာ မုဒိတာအမှာစာများ စာအုပ်ဖတ်ရှုပြီး  စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
Jan 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ များအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Jan 11,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများ တွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ (၆၆) ဦး၊ ယမန်နေ့က (၂၃၁) ဦးစုစု ပေါင်းပြည်သူ (၂၉၇) ဦးအား သတ္တမအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။