သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

သီပေါ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရေဟော်ကျောင်းတိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၁၆)ဦးအား ဒီဇင်ဘာလအတွင်း ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးဆေးထိုးနှံရာတွင် မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာ၊ဆရာမများက ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၁၆၁၄)ဦးနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁၃၃၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)