အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က၊ မင်းကုန်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီက ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ တာဝန် ရှိသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်သူများနှင့် ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကိုကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရာကုန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်စေရန် ယမန်နေ့ ညနေပိုင်း (၄)နာရီအချိန်က နမ့်ခမ်းမြို့ ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
Aug 04,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်ခုတင် (၂၀၀) ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များစုပေါင်းလှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်က ရောက်ရှိကြောင်း သိရသည်။
Aug 04,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ မွန်းတည့်အချိန်က နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်အတွင်းရှိ မဟာဘွဲ့နှင်းသဘင်ခန်မတွင် ပြုလုပ်သည်။
Aug 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အထကဆေးထိုးစုရပ်၌ ယနေ့ နံနက် (၈) နာရီခွဲအချိန်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) အစီအစဉ်ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။