အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ များနှင့် အောက်စီဂျင်အရေးပေါ်လိုအပ်ပါက အခက်ခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့် ရှောက်မှု ကုသပေးနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ Oxygen Concentrator စက်များကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့ မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က(၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အနော်ရထာခန်းမတွင် ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 05,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီးရှိ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီကကျင်းပ ပြုလုပ် ခဲ့သည်။
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော Volunteer များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မီနစ် အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က၊ မင်းကုန်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီက ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ တာဝန် ရှိသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။