Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပပြုလုပ်
Jan 11,2022
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် စကုမြို့ကြက်ခြေနီ အသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မဈေးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
Jan 11,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ကြက်ခြေနီ အသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မ ဈေးသစ်ဖွင့်ပွဲအခမ်းအနားတို့ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် ကိုဗစ်- ၁၉မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှုရှိ/မရှိစစ်ဆေး
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်ကိုဗစ်(၁၉)မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှုရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး ချက်များအား ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်…
Jan 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေ ရရှိ
Jan 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ရာသီမရွေးစိုက်ပျိုးနိုင်သော ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်း ကျေးရွာလေးရွာတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီး
Jan 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု (၆)လကဏ္ဍရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း(၄၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေသိန်း(၄၀) စုစုပေါင်းသိန်း(၄၄၀)ဖြင့် ကျေးရွာ လေးရွာ၌ လမ်းခင်းခြင်း လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ အိုမီခရွှန်ရောဂါ ကြိုတင်ကာကွယ်ရေး မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်
Jan 11,2022
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လူစည်ကားရာ နေရာများ၌ မွန်/မြန်မာနှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှု…
Jan 11,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာ ဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြု ကာကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23099
Page
23100
Page
23101
Page
23102
Current page
23103
Page
23104
Page
23105
Page
23106
Page
23107
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department