စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ

ညောင်ဦး  ဇန်နဝါရီ   ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြု ဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေဆွေးနွေးခဲ့ ကြောင်းသိရသည်။

အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးဘိုသိန်း၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်မှ အမှာစကားပြောကြားပြီး စာအေုပ်စာစောင်ချစ်မြတ်နိုး သူအသင်းဝင်များ က လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ၏ "စိတ်နှစ်လုံးအေးချမ်းပါစေ" စာအုပ်အား စာပေချစ်မြတ်နိုးသူ များကဆွေးနွေးကြကြောင်းသိရ သည်။ထိုစာအုပ်တွင် ခေါင်းစဉ်ခွဲ ၂၃ခုဖြင့်ခွဲခြမ်းစိတ်ဖြာ ရေးသားထားကြောင်း သိရသည်။

ကိုထိန်၊KPD