ကြာအင်းဆိပ်ကြီး ဇန်နနဝါရီ ၁၇
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဘိုလိမ်းဂိမ်းနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါပြည်ထောင်စုနေ့ ဂိမ်းကစားပြိုင်ပွဲကို မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူကလေးငယ်များမှ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ကစားနိုင်သူများကို မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က စာရေးကိရိယာနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး