အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းလျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေး အတွက် အသက် ၄၀ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိ (၁၀၄၀၁၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
Jan 11,2022
ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် နိုင်ငံ့ဝန်ထမ်း အိမ်ရာဆောက်လုပ်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဒီဇင်ဘာလ ၁၃ရက် နံနက်ပိုင်းမှ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကြား လျက်ရှိပြီး ကျောင်းတက်ရောက်မှုမှာ တိုးတက်လျက်ရှိကြောင်း သိရသည်။
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၁၀၄၀၁၈) ဦး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သင်ကြားမှု၊ သင်ယူမှုမထိခိုက်စေရေး အတွက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ပန်းခြံရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 11,2022
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 11,2022
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို မြို့ဝင်၊မြို့ထွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။