မိုင်းရှူးမြို့တွင် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံ(မွမ်းမံ)သင်တန်းဆင်း

မိုင်းရှူး ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးပို့ချသည့် ရှေးဦးပြုစုနည်း အခြေခံ(မွမ်းမံ)သင်တန်းကို မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်း နေအိမ်၌ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ (နှစ်ရက်တာ) ပို့ချခဲ့ပြီး ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် မိုင်းရှူးမြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့မှ ဦးစိုင်းစိုးထွန်း(တပ်ဖွဲ့မှူး)ဦးဆောင်ကာ ဒေါ်နန်းမွမ်း ဆာ(တပ်ခွဲမှူး)၊ ဒေါ်နန်းညွန့်စိန်(တပ်ခွဲမှူး)၊ ဒေါ်နန်းလှနွယ် (တပ်စုမှူး)တို့က အရေးပေါ် ရှေးဦးပြုစုနည်း ဆိုင်ရာများ၊ PPE ဝတ်စုံဝတ်နည်း/ချွတ်နည်းနှင့်  Oxygen အသုံးပြုနည်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သူများအား လက်​တွေ့ပြုလုပ် စေခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ကာ သင်တန်းသို့သင်တန်းသား(၁၀)ဦး၊ သင်တန်းသူ(၂၀)ဦး၊ ပေါင်း(၃ဝ)ဦးတက်ရောက်ခဲ့​ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)