ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး

ခိုလမ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန မြို့ဦးစီးမှူး(ရုံး) (ရှေ့တန်းရုံး)မှ ယမန်နေ့က တုန်ဟုန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်မိုင်၊ ရွာမ၊ မတ်လန်းကျေးရွာ(၃)ရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ဒု-လဝကမှူး ဒေါ်အေးမြဖြူမှ ဦးဆောင်၍ တုန်ဟုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။ ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ဟေးငင်း(ခိုလမ်)