မြဝတီ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက အားကစားဝါသနာရှင်များအတွက် Online စနစ်ဖြင့် အားကစားလှုပ်ရှားမှုသရုပ်ပြ အစီအစဉ်ကို တင်ဆက်ပြသသည်။
အဆိုပါ Online စနစ်ဖြင့် အားကစားလှုပ်ရှားမှုသရုပ်ပြ အစီအစဉ်တင်ဆက်ပြသမှုကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း စီစဉ်တင်ဆက်ခြင်း ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Myawady Facebook Page တွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ဖြစ်ပြီး၊ အဆိုပါ Page မှ ပြည်သူများအတွက် အသိပညာပေး Talk Show များနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲအိုမီခရွန်များအ ကြောင်းအရာများကို လည်း လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)