ချောင်းဆုံမြို့ပေါ်ရှိ ခရီးသွားလုပ်ငန်း ပြန်လည်ဖော်ဆောင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ခရီသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO)အဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီက ချောင်းဆုံမြို့ပေါ် (၃)ရပ်ကွက်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ Motel များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်း စစ်ဆေးရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိရန်၊ လုံခြုံရေးနှင့်ရောဂါဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ် အစရှိသည့် ကိစ္စရပ်များဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိမှုအား သိရှိစေရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ရောင်းချကြရန်စသည့် အချက်များအား စားသောက်ဆိုင် ပိုင်ရှင်များအား ပြောကြားခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)