မိတ္ထီလာ ဇန်နဝါရီ ၁၁
မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက်တွင် Door To Door စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များအား ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေကို တာဝန် ရှိသူများက ယနေ့ နံနက် ၁၁ နာရီအချိန်၌ ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ် တစ်ကြိမ်တစ်ခါမျှ ဆောင်ရွက်ရသေးခြင်းမရှိသူများနှင့် အိမ်ထောင်စုလူဦးရေးဇယား ရေးသွင်းခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ၎င်းပန်းခင်းစီမံချက်ကို ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ရပ်ကွက် ကျေးရွာများ တွင် အိမ်တိုင်ရာရောက် Door To Door စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယား ရေးသွင်းရေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဇယားရေးသွင်းခြင်း လုပ်ငန်းများကိုအိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်အုန်းသန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှု့ အားပေး ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)