မိုင်းဆတ်မြို့၌ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ ပန်းချီစွမ်းရည်တိုးတက်စေရန် စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဆေးရာင်ခြယ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲသို့ မူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)