လပွတ္တာမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လပွတ္တာ        ဇန်နဝါရီ        ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVID Shield)ကို လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ဆေးထိုးနှံပြီး (၆)လတာကာလကျော်လွန်ခဲ့ပြီးသော ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံသည့်  မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများကကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အပူ ချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ထိုးနှံပေး လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံသူ(၃၃)ရှိကြောင်းနှင့်  လပွတ္တာမြို့နယ် ပြည်သူ့ ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း သိရသည်။