ဗန်းမောက်မြို့နယ် အလယ်ရွာကျေးရွာ ရွာတွင်းလမ်းအား ကိုယ့်အားကိုယ်ကိုး သဲကျောက်ခင်း

ဗန်းမောက် ဇန်နဝါရီ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ရွာကျေးရွာ၌ ကျေးရွာ တွင်းလမ်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သဲကျောက်ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ လမ်းများတွင် ကျေးရွာနေပြည်သူများက စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလမ်းခင်းခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်ရန်ပုံငွေကို ကျေးရွာနေပြည်သူများက လှူဒါန်း ခဲ့ကြတာဖြစ်ပြီး လမ်းမြေဖြန့်ခြင်းလုပ်ငန်း၌ မြို့နယ်အတွင်းရှိ ဘက်ဟိုး လုပ်ငန်းရှင်၏ အကူအညီအပြင် ကျေးရွာနေပြည်သူများ၏ စုပေါင်းလုပ်အားဖြင့် လမ်းအကျယ် (၁၂)ပေနှင့် အရှည်(၂၉၀)ပေအား ဆောင်ရွက်ခဲ့ကြောင်း အလယ်ရွာကျေးရွာနေ ဦးမောင်မောင်လွင်၏ ပြောပြချက်အရ သိရသည်။

မေသူဟန်(ဗန်းမောက်)