ဝေါ ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များတပ်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မီးသတ်ဦးစီးဌာနရှိ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့်မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ဟောင်းနွမ်း(Mask)များကို မတပ်ဆင် ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြောကြားပြီး နှာခေါင်းစည်း(Mask)များ စစ်ဆေးခြင်းဖြင့် နှာခေါင်းစည်း (Mask)မတပ်လာ သူများအား နှာခေါင်းစည်း(Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကားပြောကြားပြီး နှာခေါင်းစည်း (Mask) မပါလာသူများကို (Mask) တပ်ပေးခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)