မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

မိုင်းရှူး ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှား ရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များငှား ရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ အတွက် မိုင်းရှူးမြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက ရုံးဌာန/ကျောင်းများအရောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်း လမ်းများနှင့်အညီ သုတ/ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်း များကို ငှားရမ်းပေးကြောင်း သိရသည်။

အဆိုပါစာအုပ်စာစောင်များကို အပတ်စဉ်ရုံးဌာန/ ကျောင်းများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)