Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်
Jan 14,2022
နွေရာသီ ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရာပြည့်စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာပြည့်စျေးမှ စျေးဝန်ထမ်းများ ပူးပေါင်း၍ စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက် ထားရှိခြင်း၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက် ထားရှိခြင်းနှင့် စျေးသူ/သားများနှင့် စျေးလာရောက်ဝယ်ယူကြသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် စျေးအတွင်းရှိ လူအများ မြင်သာသည့်နေရာများ၌ အသိပေး ပိုစတာ များ ချိတ်ဆွဲခြင်းနှင့် စျေးအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေ းပူးပေါင်းစစ်ဆေး
Jan 14,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် မီးလောင်မှု ၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မောက်မယ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ မီးသတ်ဉီးစီးမှူး ဉီးဟိန်းလင်းထိုက်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများတို့က ပူးပေါင်း၍ ယနေ့ နံနက်၉နာရီက မြို့နယ်စည်ပင်သာယာမြို့မစျေး ဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် အသိပ…
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယနေ့နံနက်ပိုင်းက မြို့ပေါ်လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံထားပြီးသူများကို ဒုတိယအကြိမ် ထပ်မံထိုးနှံဆောင်ရွက်ပေး
Jan 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံပြီးသူများကို မံစီမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဒုတိယအကြိမ် ထမ်မံထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 14,2022
ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုတိုးတက်ရေးနှင့် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီး ကျေးရွာ လွယ်မွန်းခမ်း လယ်/ထွေ သမဝါယမလီမိတက်အသင်းစုတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအားငွေ ကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအား ထောက်ပံ့ငွေများပေးအပ်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ (၅-၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအား မူဆယ်မြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ (၁) နာရီအချိန်က နမ့်ခမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23006
Page
23007
Page
23008
Page
23009
Current page
23010
Page
23011
Page
23012
Page
23013
Page
23014
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department