ရေနံချောင်းမြို့နယ်၊ စခန်းကန်ကျေးရွာအုပ်စု၊ စခန်းကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရေနံချောင်း   ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့်   "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"  ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကိုထုတ်ပေးနိုင်ရေးအတွက်  မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ရေနံချောင်းမြို့နယ်၊  စခန်းကန်ကျေးရွာအုပ်စု၊ စခန်းကန်ကျေးရွာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးအောင်ချမ်းညိမ်း ဦးဆောင်သော ဝန်ထမ်း(၄)ဦးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စခန်းကန်ကျေးရွာရှိ နိုင်၃(က)ဆောင်ရွက်သူ(၃၂)ဦး၊ နိုင် ၆ (က)ဆောင်ရွက်သူ (၇)ဦး၊ စုစုပေါင်း(၃၉)ဦးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ရွှေပျိုးခင်းပရဟိတအသင်းမှ လူငယ်မောင်မယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ