မင်းတုန်း ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက EM ဘိုကာရှီ သဘာဝမြေဩဇာမြေဆွေးပြုလုပ်နည်းကို တောင်သူများအား လက်တွေ့သင်ကြား ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ၌ မင်းရွာကိုင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူ များကို လက်တွေ့သင်ကြားပေးခဲ့သည်။
ထိုသို့ EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ရာတွင် လယ်ယာမြေစွန့်ပစ် ပစ္စည်းများ ဖြစ်သော ကောက်ရိုး၊ ပဲမှော်၊ အရွက်ခြောက်များ အသုံးပြု ပြုလုပ်ခြင်းကြောင့် ကုန်ကျစရိတ် မရှိဘဲ သဘာဝမြေဩဇာ မြေဆွေးသုံးစွဲခြင်းဖြင့် မြေဆီလွှာရုပ်ဂုဏ်သတ္တိ တိုးတက်လာမည် ဖြစ်သည်။ ထို့အပြင် ဓါတ်မြေဩဇာဈေး ကြီးမြင့်နေသည့်အတွက် သဘာဝမြေဩဇာ မြေဆွေးသုံးစွဲခြင်းဖြင့် ဓါတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည်ဖြစ်ပြီး တောင်သူများစိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်များစွာ သက်သာသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်