အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Center) ခန်းမတွင် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကြီးမှူး၍ မူးယစ်ဆေးဝါး ပ​ပျောက်ရေး စီမံကိန်းဒေသများအတွက် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Jan 19,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် တောင်ယာများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
Jan 19,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
Jan 19,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့(အကြို) ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
Jan 19,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့လှာကမြင် အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်ချမ်းသာရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးသည်။ 
Jan 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က (၇၅) နှစ်မြောက် စိန်ရတု ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်(အကြို)  မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါ သည်။