အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စာပေချစ်မြတ်နိုးသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ Book Club စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၁နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် တွင်စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော အကြံကောင်းသော ကြက်မခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်းသိရသည်။
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သု့ ဆက်ဆံရေး ဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ (၁၀)နာရီအချိန်က စိုးစိုး(အင်္ဂပူ)ရေးသားသည့် စတီဖင်ဟော့ကင်း (သို့မဟုတ်) အတွေးအခေါ်ရဲရင်သူတစ်ဦး၏ အတ္ထုပ္ပတ္တိစာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ပထမအကြိမ် ငါးရက်မြောက်နေ့ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးရန် အကျုံးဝင်သူများအား မကျန်ရှိစေရေး အတွက် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားသည့် နေရာများသို့ မိုဘိုင်းစနစ်ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး လျက်ရှိပြီး ယမန်နေ့နံနက်(၉)နာရီက အုပ်ဖိုကျေးရွာ အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ/ရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် ပျော်ရွှင်ပြီး စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။