Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လောင်း၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲ မဲခွဲပွဲကျင်းပ
Jan 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ဘောလုံးအဖွဲ့ချုပ် နှင့် ပင်လောင်း All Star ဘောလုံးအဖွဲ့တို့ ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ပန်သစ္စာ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
မြန်မာနိုင်ငံတွင်းရှိဒေသအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်အသိ ပညာပေးနှိုးဆော်ခြင်းများအား အရှိန် အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (အဆင့်ရုံး)ပင်းတယ မှဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆ…
Jan 19,2022
ပြည်သူများအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ် ချက်ဖြင့် ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ကြီးပွားရေး ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ…
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဉီးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အသက်(၁၈)နှစ်နှင့်အထက် (၆၅)နှစ်အောက် ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြည့်ကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကင်းရှင်းစေရန်အတွက် Sinopharm ကို ပဥ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆဌမအသုတ် ပထမအကြိမ် တစ်ပြိုင်နက်တည်း မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြူးမြို့နယ်၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် စံပြမူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန စံပြမူလတန်းကြို ကျောင်း၌ ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်နှင့် စိတ်ပျော်ရွှင်စေရန်အတွက် ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22911
Page
22912
Page
22913
Page
22914
Current page
22915
Page
22916
Page
22917
Page
22918
Page
22919
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department