Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ရေမြောင်းများမှ ဗေဒါပင်များနှင့်အမှိုက်များအား ရှင်းလင်းဆောင်ရ…
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် အမှတ်(၂) ရပ်ကွက်၌ ရန်ကုန်ညောင်တုန်း လမ်းမကြီးတွင် သန့်ရှင်းသာယာလှပစေရေး၊ ခြင်များခိုအောင်းမှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတွင် ပိတ်ဆို့နေသော ဗေဒါပင်နှင့် အမှိုက်များကို မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်ယ နေ့နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၁၂၄ ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ပြီး ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ အမှတ် ၁ ရပ်ကွက်ရှိ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ရှေ့တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့သွား ရောက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 19,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ၊ NGOs အဖွဲ့ အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်းစေ့ကေကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် တံတားဦးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေး
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်က ဟောင်ကြန့်အုပ်စု လွယ်ဝမ်ကောင်း ကျေးရွာ၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများ တွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု သိသိသာသာ ကျဆင်းလာ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ကိုယနေ့ညနေ(၃)နာရီကကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22913
Page
22914
Page
22915
Page
22916
Current page
22917
Page
22918
Page
22919
Page
22920
Page
22921
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department