ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ လှာကမြင်အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှု နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့လှာကမြင် အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူ ရာနှုန်းပြည့်နီးပါး တက်ရောက ပညာ သင်ကြားလျက်ရှိသော ဘားအံမြို့နယ်၊ တောင်ကလေးအထက်တန်းကျောင်းသို့ သွား ရောက်ပြီး ကျောင်းခန်းမ၌ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာ ပြည်နယ်ပညာရေးမှူးဦးငွေစိုးနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်စိန်အေးတို့က ယခု ပညာသင်နှစ်အတွင်း တောင်ကလေးအထက်တန်း ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာ သင်ကြားနေမှုအခြေအနေ၊ (၁၃၀ပေ x ၃၀ပေ)  RC  နှစ်ထပ်ကျောင်းဆောင်သစ်တင်ပြတောင်းခံထားမှုအခြေအနေ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်နှင့် သိပ္ပံဆောင်တစ်ဆောင်အပါအဝင် လိုအပ်သည့်အဆောက်အဦများ ဆောက်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း တက်ရန် လိုအပ်ပြီး ဆရာ၊ဆရာမများကလည်း အမှန်တကယ်တတ်မြောက်မှုရှိအောင် သင်ကြား ပေးဖို့လိုအပ်မည်ဖြစ်ကြောင်း၊  ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်ကြည်နူးချမ်းသားမှုရှိစွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းပရိဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အလေးထားဆောင်ရွက်ဖို့ လိုအပ်မည် ဖြစ်ကြောင်း၊ တင်ပြချက်များအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ပြီး အထွေထွေအသုံးစရိတ် ငွေကျပ် ငါးသိန်းနှင့် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ၊ ပြက္ခဒိန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ခန်းများအတွင်း သင်ကြားသင်ယူမှုများ ဆောင်ရွက်နေသော ကျောင်းသား၊ကျောင်းသူ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံပြီး ကျောင်းနေပျော်၍ စာတော်ကြသည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ရည်မှန်းချက်ပန်းတိုင်များ ထားရှိကြိုးစားကြ စေလိုကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံလေယာဉ်ကွင်း လေဆိပ်အဆောက်အဦ၊ လေယာဉ် ပြေးလမ်းနှင့် ဝန်ထမ်းအိမ်ရာတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များလမ်းညွှန်မှာကြား ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ ကားလမ်မကြီးနှင့် မဲဘောင်-နောင်ပလိန် လမ်းမကြီး လမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ထားရှိနိုင်ရေး၊ မဲဘောင်-နောင်ပလိန်လမ်း အား  AC ကတ္တရာလမ်းအဖြစ် လမ်းချဲ့အဆင့်မြင့်တင်ဆောင်ရွက်နေမှုလုပ်ငန်း၊ အားကစားရုံအဝင် လမ်းအား လမ်းချဲ့အဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းလုပ်ငန်းများဆောင်ရွက်ရန် လျှပ်စစ် မီးတိုင်နှင့်ဆက်သွယ်ရေးတိုင်များ ရွှေ့ပြောင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်အားကစားကွင်းအား ပရိတ်သတ် ရှစ်ထောင်ငါးရာကျော် ဝင်ဆံ့သည့်အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မှု လုပ်ငန်းခွင်သို့ သွားရောက်ပြီး ၂၀၂၁-၂၀၂၂ ( ၆ )လ ဘဏ္ဍာနှစ်အတွင်း အဆောက်အဦ အထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော အားကစားကွင်းအနောက်ဘက်ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ) RC ( ၂ )ထပ် အမိုးပါဆောက်လုပ်ခြင်းလုပ်ငန်းခွင်၊ ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော တောင်ဘက်ပွဲကြည့်စင်(၂၈၀ပေ x ၃၅ပေ) ဆောက်လုပ် ခြင်းလုပ်ငန်း၊ မာန်မြင့်ဟိန်းကုမ္ပဏီမှ ဘောလုံးကွင်းအဆင့်မြင့်တင်ခြင်းနှင့် မီတာ ၄၀၀ Synthetic ပြေးလမ်း ခင်းခြင်းလုပ်ငန်း၊ ထူးနေအောင်ကုမ္ပဏီမှ အရှေ့ဘက်ပွဲကြည့်စင် (၄၄၀ ပေ x ၃၅ ပေ) ဆောက် လုပ်ခြင်းလုပ်ငန်း၊ 3K Star Power ကုမ္ပဏီမှမြောက်ဘက်ပွဲကြည့်စင်(၂၈၀ ပေ x ၃၅ ပေ) ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် တာဝန်ယူတည်ဆောက်နေကြသော အဆောက်အဦအထူးအဖွဲ့(၁၃)နှင့် ကုမ္ပဏီများ မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်း တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေပုံမြကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်းပိုင်း ယခင်မြေသားလမ်းအား တစ်ဖက်လျှင် ၄ ပေခွဲလမ်းချဲ့ခြင်း ၄ ဖါလုံနှင့် ကွန်ကရစ်ခင်းခြင်း ၇ ဖါလုံကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်း ညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)