ဆီဆိုင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်ချမ်းသာရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)