Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီး ရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာ စျေးတို့တွင် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးမကူးစက်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCTထောက်ပံ့မှုနှင့် ထုတ်ယူနိုင်ရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အကျိုးခံစားခွင့်ရှိသူ စာရင်းကောက်ယူခြင်းဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့မှုများအား လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရန် ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းတွင် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ထပ်ဆင့် ရှင်းလင်းခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်၊ ၎င်းမိခင်မှမွေးဖွားလာသည့် အသက်(၂)နှစ် အောက် ကလေးသူငယ်များငွေကြေးထောက်ပံ့ပေးသော အကျိုးခံစားခွင့်ရှိသူ စာရင်းများ ကောက်ယူခြင်းက ိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွှေပြည်အေးကျေးရွာအတွင်း လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူ (၄၉၁) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သက်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံ သားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နေပြည်သူ (၄၉၁)ဦးအား ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း အင်းစိန်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကမ်းနားလမ်း ညဈေးတန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jan 19,2022
မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အနားယူ အပန်းဖြေ စားသောက်နိုင်ရန် ညဈေးတန်း တည်ဆောက်ခဲ့ပြီး ညဈေးတန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီ အချိန်က မကွေးမြို့ ကမ်းနားလမ်း We Love Magway အနီးရှိ ညစျေးတန်း၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉:၃၀ အချိန်ခန့်က ကျန်းမာရေး ၀န်ထမ်းများက မကူးစက်တတ်သောရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်း ဆွေးနွေး
Jan 19,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည် ၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22917
Page
22918
Page
22919
Page
22920
Current page
22921
Page
22922
Page
22923
Page
22924
Page
22925
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department