မိုင်းငေါ့ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချူပ်ရေးကာလအတွင်း ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ရခြင်းဖြစ်ပါသည်။
ထိုနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကို ကျင်းပ ပြုလုပ်၍ ဆုရရှိသော ကလေးငယ်များအား အမှတ်တရ ဆုလက်ဆောင်များ ပေးခဲ့ပြီး ပြိုင်ပွဲကို မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ (၁၀)ဦးနှင့် တာလုံ အ.မ.က ကျောင်းမှ ကျောင်းသား/သူ (၁၀)ဦး စုစုပေါင်း (၂၀)ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကြောင်းသိရသည်။
( မိုင်းငေါ့ ပြန်/ဆက်)