ဟားခါး ဇန်နဝါရီ ၁၉
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် Stay at Home မြို့နယ်အဖြစ်မှ ဖြေလျော့ပေးရန် ကျန်ရှိသည့် ဟားခါးမြို့နယ်အား ကျန်းမာရေးဝန်ကြီးဌာနမှ ၁၉.၁.၂၀၂၁ ရက် နံနက် ၄ နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအားလုံး ကျေးဇူးတင်ကြောင်း၊ Stay at Home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် Mask Campaign လုပ်ငန်းများ စဉ်ဆက်မပြတ်ဆက်လက်လုပ် ဆောင်ရန်လိုကြောင်း၊ Stay at Home မြို့နယ်အဖြစ် ဖြေလျှော့ခဲ့ပြီးဖြစ်သည့်အတွက် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးပြတ်တောက်ပါက အောက်ဆီဂျင် Plant များ ပုံမှန်လည်ပတ်နိုင်ရေးအတွက် မြို့နယ်အလိုက် မီးစက်လိုအပ်ချက်များ စိစစ်တင်ပြရန်လိုကြောင်း၊ အောက်ဆီဂျင် Plant မှ ထုတ်လုပ်နိုင်သမျှ အောက်ဆီဂျင်များ စုဆောင်းထားရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းနှင့် သိက္ခာတော်ရ ဆရာတော် နီကျုံးထန်တို့က ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုူ၊ ဇာထာရ်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါ RDT Test Kit ဖြင့် ရှာဖွေစစ်ဆေးရေး ကွင်းဆင်းဆောင်ရွက်မှု၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်မည့် အစီအမံနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသဆေးများ ထောက်ပံ့နိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင် ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်လက်ထိုးနှံမည့်အစီအမံ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေ၊ ဖလမ်းပြည်သူ့ဆေးရုံရှိ စက်ချွတ်ယွင်းသည့် အောက်ဆီဂျင် Plant အား အမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ချင်းပြည်နယ်အတွက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အလှူရှင်များ လှူဒါန်း သည့် လီတာ ၄၀ ဆံ့ အောင်ဆီဂျင်အိုး(၁၀၀)လုံးအား ဟားခါးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပြီးစီးမှုနှင့် အောက်ဆီဂျင်အိုးများတွင် အလှူရှင်များ၏ အမည်ရေးထိုးထားရေး၊ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်လာပါ က အောက်ဆီဂျင် Plant များ ပုံမှန်လည်ပတ်နိုင်ရေး မီးစက်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ကျေးရွာများ တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ရပ်တံ့မှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားရေး၊ ဖလမ်းပြည်သူ့ဆေးရုံ၏ အောက်ဆီဂျင် Plant ပြုပြင်နိုင်ရေးအတွက် လိုအပ် သည့် ကုန်ကျစရိတ်များ တွက်ချက်တင်ပြရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်