မြို့သစ်မြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

တမူး ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Center) ခန်းမတွင် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့သစ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စန္ဒာထွန်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲဝင်ကလေးငယ်များက မိမိတို့ စိတ်ကြိုက်နှစ်သက်ရာများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲဆက်လက်ကျင်းပရာ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့ဦးစီးမှူး ဒေါ်စန္ဒါထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများချီးမြှင့် ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ မြို့သစ်မြို့ အထကကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)