မက်မန်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကြီးမှူး၍ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းဒေသများအတွက် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းက ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လ (၆)လဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မှူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းဒေသများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တနိုင်တပိုင် မွေးမြူရေးလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဒေသကြက်များကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ တစ်အိမ်ထောင်စုလျှင်(၁၀)ကောင်နှုန်းဖြင့် ဝမ်စလောင်းကျေးရွာအုပ်စုမှ (၈)အိမ်ထောင်စုနှင့် ငှက်ယောင်း ကျေးရွာအုပ်စုမှ (၂)အိမ်ထောင်စု စုစုပေါင်း (၁၀)အိမ်ထောင်စုအတွက် အကောင်ရေ (၁၀၀) ကာလတန်ဖိုး(၇၅၀၀၀၀) ကျပ် ရှိကြောင်း သိရသည်။
ပန်းကျင်