Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင်…
Jan 19,2022
ပြည်သူများအားလုံး ဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖ.ဆ.ပ.လ ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ ထိန်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ထိန်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေး ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 19,2022
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်ရည် ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကျင်းပ
Jan 19,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀:၃၀ နာရီက ကလေးငယ်များအတွက် ပျော်ရွှင်စရာ ဉာဏ်ရည် ယှဉ်ပြိုင်မှု ဆိုင်ရာပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (BookClub)၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့် အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 19,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 19,2022
ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန်၊ အချင်းချင်းကောင်းသော ယှဉ်ပြိုင်မှုများတွင် ပါဝင်ယှဉ်ပြိုင်တတ်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၊ (CommunityCentre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးလျက်ရှိ
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ် လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့ နံနက်ပိုင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံများမှ နွေစပါး နှစ်သောင်းကိုးထောင်ကျော် စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ ကျေးပင်အက်ရေ လှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ မင်းမြင် ရေလှောင်တမံ၊ လင်ပန်းရေလှောင်တမံနှင့် လျှပ်စစ်ရေတင်လုပ်ငန်းတို့မှ နွေစပါး ၂၉၅၁၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ပေးဝေ သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22915
Page
22916
Page
22917
Page
22918
Current page
22919
Page
22920
Page
22921
Page
22922
Page
22923
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department