အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊  ပြည်နယ်ဝန်ကြီးများ နှင့်  ဌာနဆိုင်ရာတာဝန်ရှိ သူများသည်  ယနေ့နံနက် ၉ နာရီက ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအောင်မြင်စေရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​တွေ့ဆုံ သည်။ 
Feb 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများပိုမိုရရှိစေရန်၊ အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Feb 03,2022
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု အားကစား သမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ၏ အကြီးတန်း(၅)ယောက်တွဲပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန့်းမ၌ စတင် ကျင်းပလျက်ရှိသည်။
Feb 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု၊ တော်ခရမ်းလေး-တိုက်ကြီး ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နေ့လည်၂နာရီက အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်တွင်ကျင်းပခဲ့‌ကြောင်း သိရသည်။
Feb 03,2022
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေး၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်နေ နိုင်ငံ့ဂုဏ်ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်အေးသန္တာလွင်တို့နှင့်  ‌ပူးပေါင်း၍ အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး(TalkShow)ကျင်းပခဲ့ကြောင်း သိရသည်။ (Talk Show)အစီ အစဉ်၌ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ဒေသခံမြန်မာ့လက်ရွေးစင်၊ နိုင်ငံ့ဂုဏ်‌ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်‌အေးသန္တာလွင်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးအဖြစ် နိုင်ငံတစ်ကာအားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်များရရှိ‌အောင် ကြိုးပမ်း‌လေ့ကျင့်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက မြို့နယ်အတွင်း၌ လက်ရှိဆောင်ရွက်လျက်ရှိသည့် အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အသိ‌ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တော်သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ လျှပ်စစ်(၃)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။