ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု တော်ခရမ်းလေး-တိုက်ကြီး ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု၊ တော်ခရမ်းလေး-တိုက်ကြီး ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နေ့လည်၂နာရီက အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်တွင်ကျင်းပခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုငွေကျပ်(၉၆၁•၉၁၀) ကျပ်သန်းဖြင့် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်သည် ကွန်ကရစ်လမ်းမှာအလျား၂မိုင် ၄•၂၇ဖာလုံ အကျယ် ၁၄ပေအမြင့်၇လက်မရှိသည်။  အဆိုပါ လမ်းသည်တိုက်ကြီးကျေးရွာအုပ်စုဒေသခံပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ လုပ်ငန်းများပိုပိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုက်ကြီးကျေးရွာအတွင်းရှိ အိမ်ခြေ(  ၄၇၅  ) အိမ်၊  လူဦးရေ(     ၁၉၉၃    ) ဦးအပြင်

ကွမ်းခြံကုန်းမြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် ကော့မှုးမြို့နယ်မှ ကျေးရွာများအတွက် အကျိုးပြုသောကျေးရွာချင်းဆက်လမ်းဖြစ်ကြောင်း သိရသည်။

ထိုနောက် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းဖွင့်ပွဲကို ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းလွင်နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းဝေဌေးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါလမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးများ နှင့် ကျေးရွာသူ/ရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 (မြို့နယ်ပြန်/ဆက်)