အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့အနေဖြင့် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်းစေရေး ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း (၂)လမ်းမှ (၈)လမ်းအထိ ကန်တော်ကြီးပတ်လမ်း အား ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း နှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ မိုင်းငေါ့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 03,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် ရွှေဂူကွက်သစ်လမ်း၌ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ယခင်မြေသား ရေမြောင်းအဖြစ်မှ အုတ်စီရေမြောင်း ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန့်နေ့က စက်မှုလယ်ယာ ဦးစီးဌာနရုံးရှေ့မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ် ခဲ့သည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သောကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေ ၅ နာရီအချိန်က နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။