ကျောက်တံခါးမြို့နယ် Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျောက်တံခါး ဖေဖော်ဝါရီ ၃

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်မာမာဝင်းက "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက “ကျောင်းနေပျော်၍  စာတော်ပါစေ"၊ "မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း"၊ "သုတစာပေ ဖတ်ပါစေ"၊ "နှုတ်ကြမ်းလက်ကြမ်းလူသရမ်း" ခေါင်းစဉ်များဖြင့်  ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)