ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများပိုမိုရရှိစေရန်၊ အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ()နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါပုံပြောပြိုင်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စည်းလုံးမှုခွန်အား၊ ပညာစုပေါင်း အောင်မြင်ကြောင်း၊ စည်းလုံး ညီညာ အောင်ကြောင်းဖြာ၊ စည်လုံးခြင်းသည် အင်အား၊ ကိုဖိုးကျားနဲ့ ကျွဲလေးကောင်၊ စည်းလုံးခြင်းသည် ရေးကြီးသည်စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)