ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး  ဖေဖော်ဝါရီလ  ၃

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားနှင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၄)နှစ်မြောက် ချင်းအမျိုး သားနေ့ အခမ်းအနားများကို ပြည်နယ်အဆင့်နှင့် လျော်ညီစွာ ကျင်းပနိုင်ရေးအတွက်  ဖွဲ့စည်းပေးခဲ့သည့် ဆပ်ကော်မတီအားလုံးက မိမိကော် မတီတွင် ပါဝင်သည့် ပုဂ္ဂိုလ်များ၊ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ချင်းအမျိုးသား နေ့တွင် အရေးကြီးပုဂ္ဂိုလ်များ ဖိတ်ကြားနိုင်ရေးအတွက် ဖိတ်စာ၊ ပိုစကတ် နမူနာပုံစံများအား အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် အချိန်မီဖိတ် ကြားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကော်မတီအလိုက် လိုအပ်သည့် အသုံးစရိတ်များတွက်ချက်ပြီး အချိန်မီတင်ပြရန်လိုကြောင်းဖြင့် အမှာ စကားပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက် လက်ဆောင်ရွက်မည့် အစီအမံများနှင့် ကုန်ကျစရိတ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီ စိုးလွင်မိုးတို့က ချင်းအမျိုးသားနေ့ အခမ်းအနားတွင် အရေးကြီးပုဂ္ဂိုလ်များအား အချိန်မီဖိတ်ကြားရေး၊ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာမှု သမိုင်းအကျဉ်း စာအုပ်ပြုစုရေးနှင့် အခမ်းအနားအတွက် ကုန်ကျစရိတ်များကို ဦးစီးကော်မတီတို့ အချိန်မီ တင်ပြရေးတို့နှင့်ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်ကနိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)