ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး(Talk Show)ကျင်းပ

ငါးသိုင်းချောင်း ဖေဖော်ဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေး၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်နေ နိုင်ငံ့ဂုဏ်ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်အေးသန္တာလွင်တို့နှင့်  ‌ပူးပေါင်း၍ အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး(TalkShow)ကျင်းပခဲ့ကြောင်း သိရသည်။ (Talk Show)အစီ အစဉ်၌ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ဒေသခံမြန်မာ့လက်ရွေးစင်၊ နိုင်ငံ့ဂုဏ်‌ဆောင် အလေးမအားကစားသမားဟောင်း ဒေါ်‌အေးသန္တာလွင်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးအဖြစ် နိုင်ငံတစ်ကာအားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်များရရှိ‌အောင် ကြိုးပမ်း‌လေ့ကျင့်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက မြို့နယ်အတွင်း၌ လက်ရှိဆောင်ရွက်လျက်ရှိသည့် အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အသိ‌ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို အားကစားကဏ္ဍမြှင့်တင်ရေး၊ အများပြည်သူ အရွယ်သုံးပါးမရွေး သင့်လျော်ရာ၊ စိတ်ပါဝင်စားရာ အားကစားနည်းများကိုလေ့ကျင့်၊ ကစားခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ကြံ့ခိုင်မှုရရှိစေရေး၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နှစ်သက်ရာ၊ စိတ်ပါဝင်စားရာ အားကစားနည်းများကို တစ်စိုက်မတ်မတ် လေ့လာ၊ လေ့ကျင့်‌၊ ကစားခြင်းအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပညာ‌ပေးခြင်းအစရှိသည့် အားကစားဆိုင်ရာ အသိပညာပေးဆောင်ရွက်ချက်(Talk Show)အစီအစဉ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့(ပြန်/ဆက်)