အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာ စကား ပြောကြားခဲ့သည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
Feb 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတဲတိုက်များတွင် ဘုရားဆင်းတုတော် ကိုးကွယ်နိုင်ရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုက ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဘုရားဆင်းတုတော် ၅၀၊ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း ဦးဝင်းမင်းထွန်း ထံက သိရသည်။
Feb 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဂျတ်ခုတ်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့နံနက် ၁၁ နာရီ အချိန်က ခဲတောင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများလွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့က ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရုံးတို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Feb 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 03,2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်း တက္ကသိုလ်၌ ယခုလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဌာန ဝန်ထမ်းများ၊ သင်ကြားရေးဌာန ဆရာ၊ ဆရာမများ စုပေါင်းထမနဲထိုးပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ခေတ္တ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။